မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့်အဖွဲ့ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့်အဖွဲ့ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP ၊  စက်တင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၇ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုငွေကျပ်(၁၁၂.၈၅)သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သော လမ်းလုပ်ငန်း(၄)လမ်း၊ တံတားလုပ်ငန်း(၃)ခု၊ ရေပေးရေးလုပ်ငန်း(၅)ခု၊ အခြားလုပ်ငန်း(၁)ခု စုစုပေါင်း(၁၃)ခု လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။


ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ရေရှည်တည်တံ့စေရေး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


ခန့်ဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)