ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ (၁၁၈) ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ (၁၁၈) ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး



MNP ၊  စက်တင်ဘာ  ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ စက်တင်ဘာ (၂၉) ရက်တွင် ရွှေကြာပင်ရပ်ကွက်အတွင်းမှ ကျား (၄၉) ဦး၊ မ (၆၉) ဦး စုစုပေါင်း (၁၁၈) ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဟိန်းသူအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)