MNP ၊ စက်တင်ဘာ ၂၈
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့ သည် ယနေ့နံနက်ပိုင်းက ချောက်ခရိုင်သို့ရောက်ရှိပြီး ချောက်ခရိုင်၊ ပခုက္ကူခရိုင်၊ ချောက်မြို့နယ်၊ ရေနံချောင်း၊ ပခုက္ကူ၊ ရေစကြိုနှင့် ဆိပ်ဖြူ မြို့နယ်များမှ ပါတီဥက္ကဋ္ဌ အတွင်းရေးမှူး ဘဏ္ဍာရေးမှူးနှင့် ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေရသူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပါတီ၏မူဝါဒလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်များအကောင် အထည်ဖော်ဆောင်ရေး၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး အကြမ်းဖက်ဘေးတိမ်းရှောင်၊ နေထိုင်ရသူများအား တွေ့ဆုံအားစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး အား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ရေးရာတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများတင်ပြခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက တင်ပြချက်များအပေါ် ရှင်းလင်းဆွေးနွေး၍ နေ့လည် (၁၂ ၀၀)တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment