ကျွန်တော်တို့ ငယ်စဉ်က ရွဲကုန်သည်နှစ်ဦးဇာတ်ကို စာလည်း ဖတ်ရတယ်။ ရုပ်ရှင်လည်း ကြည့်ရတယ်။ ရွဲကုန်သည် နှစ်ဦးမှာ သူများပစ္စည်းကို တန်ရာတန်ကြေးမပေးဘဲ အချောင်လိုချင်သူနဲ့ မှန်မှန်ကန်ကန် တန်ရာတန်ကြေးပေးပြီး လိုချင်သူ နှစ်ဦးရဲ့ သရုပ်ကို ကွဲကွဲပြားပြား မြင်ရတယ်ပေါ့ဗျာ။ သူဆင်းရဲမထံက အသပြာအဖိုးတစ်သိန်း ထိုက်တန်တဲ့ ရွှေခွက်ကို ရသင့်ပါလျက်နဲ့ မတော်လောဘကြောင့် မရလိုက်တဲ့ ရွဲကုန်သည်မှာ ဥစ္စာရူးအဖြစ်နဲ့ ရင်ကွဲနာကျပြီး သေခဲ့ရတယ်ပေါ့။ ဒါက ကြောက်စရာကောင်းတဲ့ ဥစ္စာရူးသင်ခန်းစာ။
နောက်တစ်ခုကြတော့ အာဏာရူးသင်ခန်းစာ။ အာဏာရူးတာကြတော့ ဥစ္စာရူးထက် ပိုပြီး ကြောက်စရာကောင်းသွားတယ်။ ဒီအတွက် သင်ခန်းစာက ကျွန်တော်တို့တွေအနေနဲ့ ဇာတ်တော်တွေ နိပါတ်တွေ ပြန်လှန်စရာ မလိုဘူး။ ယနေ့ မျက်မှောက် ကျွန်တော်တို့တွေ ကိုယ်တွေ့ ရင်ဆိုင်ကျော်လွှားနေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ် ဆိုတာ အာဏာရူးတွေ ဖန်တီးနေတာ ဖြစ်တယ်။
NLD ပါတီဟာ ၅နှစ် အာဏာရလိုက်တဲ့ အခိုက်အတန့်မှာ အာဏာရဲ့ အရသာကို သိသွားတယ်။ အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာမှုတွေ လုပ်ခဲ့ကြတယ်။ အာဏာကို ခုတုန်းလုပ်ပြီး စီးပွားရှာရတာ အရင်းမစိုက်ရဘဲ အမြတ်တွေချည်းရတာ။ အဲဒီလို အရင်းမစိုက်ဘဲ အမြတ်လိုခြင်တဲ့ မတော်လောလောဘကြောင့် အဂတိလိုက်စားမှုနဲ့ အသီးသီး ထောင်ထဲ ရောက်ကုန်ကြတယ်။ ထောင်ထဲ မရောက်တဲ့ ကောင်တွေ၊ ကောင်မတွေ က အာဏာကို လွယ်လွယ် ပြန်ရလိမ့်မယ်ထင်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတယ်။ လူပြိန်းကြိုက် တော်လှန်ရေးလို့ ခေါ်စဉ်တပ်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာခဲ့ကြတာ ဘယ်အဆင့်ကို ရောက်သွားပြီလဲ။
အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပြီး လွတ်မြောက်နယ်မြေကို ထွက်ပြေးသွားတဲ့ ပြည်ပြေး ဝရမ်းြပေး ပြည်ဖျက်မိစ္ဆာတွေရဲ့ ပါးစပ်ဖျားမှာတော့ အခုထိ မနက်ဖန် နိုင်တော့မှာ၊ လကုန်နိုင်တော့မှာလို့ ပြောနေကြတုန်းပဲ။ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းတွေ ခမျာမှာလည်း ဘယ်လောက်တောင် ဆင်ခြင်တုံတရားမဲ့လွန်းပြီး မိုက်မဲလွန်းသလဲဆိုရင် မနက်ဖြန်နိုင်တော့မှာ၊ လကုန်ရင် နိုင်တော့မှာ ဆိုတဲ့စကားက ၂၀၂၁ စက်တင်ဘာမှာ ကတည်းက ပြောခဲ့တဲ့ စကား။ အခုထိ အဲဒီစကားပဲ ပြောနေလည်း အဟုတ်ကြီး ထင်နေကြတုန်းပဲ။
နေပြည်တော်ကို ဝင်တိုက်တော့မှာလို့ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖြန့်ဝေခဲ့ကြတယ်။ မန္တလေးမြို့ကြီးကို လေးဘက်လေးလံကနေ ဝင်တိုက်တော့မယ်ဆိုတာလည်း သူတို့တွေပဲ။ ပြည်ဖျက်မီဒီယာတွေနဲ့ ပူးပေါင်းပြီး လေလှိုင်းပေါ်ကနေ မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုတဲ့ နေရာမှာပဲ ပြည်ဖျက်မိစ္ဆာတွေ နိုင်နေတာပါ။
ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုနေမှုတွေကို အမြင်ကပ်လာတဲ့ ဆရာတော်ဦးဝါသဝ က နေပြည်တော်ကို ဝင်မတိုက်ခင် သူ့ရဲ့ မှော်တော်ရွာက ပြည်သူ့စစ်ကို လာတိုက်ကြည့်ပါအုံးလို့ မိန့်ကြားခဲ့တယ်။ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ က တော်လှန်ရေးသမား အမည်ခံ အစွန်းရောက် အကြမ်းဖက် နီပိန်းများ တုတ်တုတ်မျှ မလှုပ်ရဲဘူး။ ပြည်ပြေး ဝရမ်းပြေးတွေကတော့ လေပဲ စိုက်ရတဲ့ သူတွေဆိုတော့ အာချောင်ကြသကိုး။
ယခုလ (စက်တင်ဘာလ) ဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေ မရှုမလှ ဆုံးပါးရတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ တချို့သော မြို့နယ်တွေမှာ မြို့နယ်တာဝန်ရှိသူတွေက အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်လုပ်ပြီး လစဉ်ကြေးတောင်းစားနေကြတာ ရှိသလို ဘယ်တုန်းကမှ အကြမ်းဖက်လှုပ်ရှားမှုကို မရှင်းလင်းခဲ့တဲ့ တနင်္သာရီတိုင်း ဒသေကြီးအတွင်းမှာ အကြမ်းဖက်နှိမ်နင်းရေး ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာကို တွေ့ရတယ်။
ထို့အတူ စစ်ကိုင်းတိုင်းဒသေကြီးအတွင်းမှာ ဆိုရင် ချောင်းဦးမြို့နယ်ဟာ အကြမ်းဖက်သမားတွေရဲ့ လွတ်မြောက်နယ်မြေလိုဖြစ်ခဲ့ပါတယ်။ မြို့အထိုင်တပ်အနေနဲ့လည်း လုံးဝမရှင်းပါဘူး။ အထိုင်တပ်ကို နီပိန်း အကြမ်းဖက်သမားတွေက ဒရုန်းနဲ့ Drop Bomb လာချတာလောက်ကိုပဲ စောင့်ကြည့်ကာကွယ်တဲ့ အနေအထားပါ။ ချောင်းဦးမြို့နယ် ပဒက် အကြမ်းဖက်သမားများကို ဦးဆောင်သူက NLD လွှတ်တော်အမတ်ဟောင်း မြင့်ထွေး ဖြစ်ပါတယ်။ အခုတော့ ခွေးဝဲစား ပြေးပြီထင်တယ်။
ကျွန်တော် ရုပ်သံတစ်ခုမှာ ပြောခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ ဘာကြောင့် လှုပ်ရှားနေနိုင်တာလဲ။ တပ်မတော်က လှုပ်ရှားခွင့် ပြုထားလို့ပါ။ တစ်နည်းအားဖြင့် ညှာတာနေလို့ပါ။ မနှိမ်နင်းလို့ပါ။ တကယ်နှိမ်နင်းတော့ အကြမ်းဖက်သမားတွေ ကြက်ပျောက်၊ ငှက်ပျောက် လက်နက်ခဲယမ်းတွေကို ပစ်ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်းသွားကြတာပဲ မဟုတ်လား။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ နီပိန်းအကြမ်းဖက်သမားလေးတွေဟာလည်း လူလည်လေးတွေပါ။ လက်နက်ကိုင်ပြီး ဒေသခံ လက်နက်မဲ့ပြည်သူတွေအပေါ်မှာ လူပါးဝချင်တာ။ အသေခံပြီး တိုက်ပွဲဝင်ရဲတဲ့ သတ္တိမရှိပါဘူး။
အရာတော်မြို့နယ်ကတော့ ယနေ့အချိန်အထိ လွတ်မြောက်နယ်မြေ ဖြစ်နေတုန်းပဲ။ ၂၈-၉-၂၀၂၃ ရက်နေ့ ညနေပိုင်းက အရာတော်မြို့နယ် တောင်ကုန်းကျေးရွာမှာ ပဒက်များ ဘောလုံးပွဲ ကျင်းပသတဲ့။ သွားရှင်းရင် အစုလိုက် အပြုံလိုက် မိမှာစိုးလို့ ထင်တယ်။ မရှင်းသေးပါဘူး။ ပဒက်လေးတွေ ဝါးလုံးခေါင်းထဲ လသာနေကြတာ။ တပ်မတော်က မလုပ်သ၍ ဒီကောင်တွေ လူပါးဝနေအုံးမှာပဲ။ တပ်က လုပ်လာပြီး ဆိုရင်လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားမှာပဲ ဖြစ်ပါတယ်။
ဒီလထဲမှာ အကြမ်းဖက်နှိမ်နင်းရေးက အရှိန်အဟုန် မြင့်တက်လာသလို ပြည်ပြေး ဝရမ်းပြေး ခွက်ခေါက်တွေ အချင်းချင်း ကိုက်နေကြတာလည်း ပွဲကြီး ပွဲကောင်းပါပဲ။ ခွက်ခေါက်သူအချင်းချင်း စင်ကာပူကြက်ကြီးကို ဝိုင်းတွယ်နေကြတဲ့အခါကြတော့ စင်ကာပူ ကြက်ကြီးကလည်း ခေသူမှ မဟုတ်ဘဲ။ အပျံမ (ပန်ဆယ်လို) က သူနဲ့ စီးပွားရေးအရ ပက်သက်ခဲ့သူကို ဒလန်မ ဆိုပြီး ပဒက်တွေကို ရှင်းခိုင်းတာ၊ မုဒိန်းကောင် (မျိုးရန်နောင်သိန်း) မစ်ရှင်ပြီးရင် ငွေလွှဲလိုက်မယ်ပြောပြီး မစ်ရှင်ပြီးလို့ ငွေတောင်းတဲ့အခါမှာ ပဒက်လေးတွေ ဆဲလွှတ်လိုက်တာတွေ စင်ကာပူကြက်ကြီးက အကုန်ဖော်ပါလေရော။
ခွက်ခေါက်သူတွေကြားမှာ ပြဿနာတက်နေတာကို CRPH, NUG က ခွေးဝဲစားကြီးများကလည်း ဝင်မရှင်းရဲဘူး။ ပန်ဆယ်လို ကို သွားပြောရင် ပန်ဆယ်လိုက ရသမျှ ဘယ်သူမှ မပေးဘဲ ဝိုက်ထားလိုက်ရင် ငတ်ကုန်ကြမယ်မှတ်လား။ အပျံမ (ပန်ဆယ်လို) က အကြမ်းဖက်လှုပ်ရှားမှုအတွက် အများဆုံး ငွေရှာပေးနိုင်သူဆိုတော့ အပျံမ ကို NUG က ခွေးဝဲစားကြီးများက ကာကွယ်ပြီး ပြောဆိုပေးရကြတယ်။ စင်ကာပူ ကြက်ကြီး က မကျေမနပ်ဖြစ်လာတယ်။ NUG က ဝန်ကြီးအမည်ခံထားတဲ့ ခွေးဝဲစားတွေကို ရာသီလာတဲ့ ထမီနဲ့ ပွတ်မယ်ဆိုသည်အထိ စင်ကာပူကြက်ကြီး က ပြင်းပြင်းထန်ထန် ပြောဆိုလာတယ်။ ဒီအချိန်အထိလည်း သူတို့ရဲ့ ပါးစပ်ဖျားမှာတော့ နိုင်နေတုန်းပဲ။ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ပြီး မုန့်ဟင်းခါး ဘယ်နှပွဲ ရလိုက်ပါပြီလို့ ဂုဏ်ဆာနေကြတုန်း။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှု ဘယ်အဆင့်ကို ရောက်ပြီလဲလို့ မေးရင်တော့ ခွက်ခေါက်သူများ အချင်းချင်း ကိုက်တဲ့အဆင့်ကို ရောက်လာပါပြီ။ နောက်အဆင့်ကတော့ ခွက်ခေါက်သူများအချင်းချင်း အပြန်အလှန် လူမိုက်ငှားပြီး ရှင်းခိုင်းတဲ့ အဆင့်ကို ရောက်လာပါလိမ့်မယ်။
ဒီကနေ့ (၂၈-၉-၂၀၂၃) ရက်နေ့ မနက်ပိုင်းကပဲ မန္တလေးတိုင်ဒသေကြီးထဲ က ပဒက် (၉)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး မလုပ်လိုကြတော့ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ ခွေးနွားမဖြစ်ချင်လို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတာပဲ ဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ ခွေးနွားအဖြစ်နဲ့ပဲ နေချင်တဲ့ နီပိန်း ပဒက်လေးတွေလည်း ကျန်ပါသေးတယ်။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြအုံးမယ်ဆိုရင်တော့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ မလွဲမသွေ တွေ့ရမှာပဲ ဆိုတာလည်း တွေးထားကြပေါ့။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment