ကျိုက်ထိုမြို့နယ်၌ စားအုန်းဆီများအားသက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံ ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ စားအုန်းဆီများအားသက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံ ဆက်လက်ရောင်းချပေး





MNP ၊  စက်တင်ဘာ  ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မွန်ပြည်နယ်ဆီကုန်သည်များအသင်းမှ ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများကို ရောင်းချပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ကံ့ကော်ရပ်ကွက် ရွှေဥဩ ၌ ဆက်လက်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။


စားသုံးဆီရောင်းချပေးရာတွင် တစ်ပိဿာလျှင် (၄၇၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သားစီကို ရောင်းချပေးရာ စားသုံးသူပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါနေ့တွင် စားသုံးသူပြည်သူ (၄၄၀)ဦးတို့အား ဆီပိဿာချိန် (၂၂၀) ရောင်းချပေးခဲ့ကြောင်း၊ ‌ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး ရည်ရွယ်ကာ ယခုကဲ့သို့စီစဉ် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment