ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်‌ဆေး (HPV) အခမဲ့ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်‌ဆေး (HPV) အခမဲ့ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်



MNP ၊  စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး (ကျိုင်းတုံ)တွင် ကျင်းပသည်။


အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှ့)ဥက္ကဋ္ဌ ဦးရဲနိုင်က မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီးဦးရေး ၁ သိန်းတွင် ၂၅ ဦးခန့် ဖြစ်ပွားကြောင်းသိရှိရပြီး သေဆုံးမှုမြင့်မားလျက်ရှိပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု အခမဲ့ထိုးနှံမည်ဖြစ်ပါကြောင်း၊  ကာကွယ်ဆေးထိုးနှံချိန်တွင် ဆက်စပ်နှီးနွယ်သည့်ဌာနများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်၍ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရှိစေရေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာစည်သူအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလင်းထွဋ်ဦးတို့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များအလိုက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးခဲ့ကြပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှ့)ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ညှိနှိုင်းပေးသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များအလိုက် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံနိုင်ရေး အကျုံးဝင်သောအုပ်စုများမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် မွေးဖွားသော အမျိုးသမီးငယ်များဖြစ်ပြီး ဆေးထိုးနှံမှုအကြိမ်မှာ တစ်ကြိမ်းတည်းသာဖြစ်ကြောင်း၊ ကျောင်းအခြေပြုထိုးနှံခြင်း အစီအစဉ်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရကပ်မှ ၂၉ ရက် အထိသတ်မှတ်၍ ပြည်သူလူထုအခြေပြုထိုးနှံခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်မှ ၂၇ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)