ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်( ၃) ရပ်ကွက် နှင့် ကျေးရွာအုပ်စု ( ၃)အုပ်စု တို့ရှိအချို့နေရာများအတွင်းဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်( ၃) ရပ်ကွက် နှင့် ကျေးရွာအုပ်စု ( ၃)အုပ်စု တို့ရှိအချို့နေရာများအတွင်းဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပွား






MNP ၊  စက်တင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ( ၉၂.၂၉) ပေမြင့်တက်မှုကြောင့် ရပ်ကွက်( ၃) ရပ်ကွက် နှင့် ကျေးရွာအုပ်စု ( ၃)အုပ်စု တို့ရှိအချို့နေရာများအတွင်းဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် သရက်တော ရပ်ကွက် အတွင်းရှိ အိမ်ခြေ ( ၄၄) အိမ်၊အိမ်ထောင်စု ( ၄၄) စုရှိ ကျား ( ၆၇) ဦး ၊ မ(၈၁)ဦး ၊ ယွန်းတန်းရပ်ကွက် အတွင်းရှိ အိမ်ခြေ ( ၁၁၉) အိမ်၊အိမ်ထောင်စု ( ၁၁၉) စုရှိ ကျား( ၂၂၁) ဦး ၊မ ( ၂၄၄) ဦး ၊ကြာနီကန်ရပ်ကွက်အတွင်းရှိအိမ်ခြေ ( ၄၇) အိမ်၊အိမ်ထောင်စု ( ၅၃) စုရှိ ကျား ( ၉၄) ဦး ၊မ (၁၀၈) ဦး ၊မင်းတဲကျွန်းကျေးရွာအုပ်အတွင်းရှိ အိမ်ခြေ ( ၉) အိမ်၊အိမ်ထောင်စု ( ၁၂) စုရှိ ကျား ( ၁၈) ဦး ၊မ (၁၄) ဦး ၊ ရှားပင်ကုန်းကျေးရွာအုပ်စုအတွင်းရှိအိမ်ခြေ ( ၃၁၅) အိမ်၊အိမ်ထောင်စု ( ၃၃၀) စုရှိ ကျား ( ၆၀၂) ဦး ၊ မ (၆၃၉) ဦး ၊ စာသင်ကျောင်း ( ၂ )ကျောင်း ၊ ဘုန်းကြီးကျောင်း( ၂) ကျောင်း၊သောင်ပြင်ကုန်းကျေးရွာအုပ်စုအတွင်းရှိစာသင်ကျောင်း ( ၁ ) ကျောင်း စုစုပေါင်း အိမ်ခြေ ( ၅၃၄) အိမ်၊အိမ်ထောင်စု ( ၅၅၀) စုရှိ ကျား ( ၁၀၀၂) ဦး ၊မ (၁၀၀၆) ဦး ၊စုစုပေါင်းလူဦးရေ( ၂၀၀၈) ဦး စာသင်ကျောင်း ( ၃)ကျောင်း ၊ ဘုန်းကြီးကျောင်း ( ၂) ကျောင်းဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့ကြောင်းသိရသည်။


ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သည့် အိမ်ခြေ၊ အိမ်ထောင်စု များ၏ သောက်သုံးရေ ၊ စားဝတ်နေရေး အဆင်ပြေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး မြစ်ရေထပ်မံမြင့်တက်လာပါက ရေဝင်အိမ်ထောင်စုများပြောင်းရွေ့နေထိုင်နိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိထားပါကြောင်းနှင့် ပြောင်းရွေ့မှုများရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)