MNP ၊ စက်တင်ဘာ ၇
၂၀၂၃-ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် အမှတ်(၂) ရေနံမြေ လုံခြုံရေးတပ်ဖွဲ့ခွဲမှဦးစီး၍ တပ်ဖွဲ့ဝင်များသည် စုယမန်နေ့ နံနက်ပိုင်းက ဝစကြာဘုရားနှင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် အမှတ်(၂) ရေနံမြေ လုံခြုံရေးတပ်ဖွဲ့ခွဲ၊ နောက်တန်းရုံး၊(ရွှေတောင်) မှတပ်ဖွဲ့ခွဲမှူး ရဲမှူးတင့်ဆွေ ဦးစီး၍ တပ်ဖွဲ့ဝင်များသည် ရွှေတောင်မြို့နယ်၊ ပြည်တောင်တန်း ရေနံမြေတွင် တည်ထားကိုးကွယ် သောဝစကြာဘုရားနှင့် ဘုန်းကြီး ကျောင်းဝန်းအတွင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ ခြုံနွယ်များရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment