ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြခြင်းများ ဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်း၏လမ်းညွှန်မှုဖြင့်ယမန်နေ့ နံနက်ပိုင်းက ထန်းကုန်းအုပ်စု၊ (အလက)ရေနံမြေ အလယ်တန်းကျောင်းတွင်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ကျောင်းသား / ကျောင်းသူလေးများကိုမီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် မီးဘေးလုံခြုံ‌ရေးအသိပညာပေးဟောပြောခဲ့သည်။


ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးဌာန၊ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များကကျောင်းသား / ကျောင်းသူ လေးများအား မီးသတ်ဆေးဘူးဖြင့်ကိုယ်တိုင် လက်တွေ့သရုပ်ပြသခြင်း၊မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)