မြစ်ကြီးနားမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ


MNP ၊  စက်တင်ဘာ  ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး ကို စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပသည်။


ဦးစွာ ကချင်ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာ စကားပြောကြား ရာတွင် သက်ကြီးရွယ်အိုဘဝ ဝင်ငွေမလုံခြုံမှု၊ ကျန်းမာ‌‌ရေးပြုစု‌ စောင့်ရှောက်မှုဆိုင်ရာ ပြဿနာနှင့် လူမှုရေးအထီးကျန်မှုဆိုင်ရာ ပြဿနာ များကို ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သက်ကြီးရွယ်အိုများ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ်တွင် ပြည်နယ်အတွင်းရှိ မြို့နယ် (၁၈) မြို့နယ်မှ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၄၄၉၃) ဦးကို လူမှုရေးပင်စင် ပေးအပ်နိုင်ခဲ့ ပြီးဖြစ်ကြောင်းနှင့် သက်ကြီးရွယ်အိုများအား ကျွေးမွေးစောင့်ရှောက်မှုများအပြင် လူ့ဘဝသက်တမ်းမှာ စိတ်ကျန်းမာပျော်ရွှင်စွာ နေထိုင်သွား နိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုတွင် သာမာန်နှင့် သမားရိုးကျ စောင့်ရှောက်မှုများသာ မဟုတ်ဘဲ ကြိုတင်ကာကွယ်ပေးသည့် ဝန်ဆောင်မှု များကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားဖို့ လိုအပ်ကြောင်း မှာကြားခဲ့သည်။


ထို့နောက် ကော်မတီအတွင်းရဲမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။


ယင်းနောက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးလုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး ကော်မတီအစည်းအဝေးအား ဆက်လက်ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက မိမိတို့ကော်မတီအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ကာကွယ်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြန်လည် ကုစားရေးလုပ်ငန်းစီမံချက်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် UNCRC Child Rights Law နှင့်အညီ ကလေးသူငယ်အခွင့်အရေးများ အပြည့် အဝခံစားနိုင်စေရန် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် လုပ်ငန်းဆပ်ကော်မတီများ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် ပြောကြားသည်။


ဆက်လက်၍ ကော်မတီအတွင်းရဲမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကော်မတီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ကလေး လုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)