MNP ၊ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧပြီလမှစတင်ကာ အရောင်းအဝယ်အေး၍ ဈေးကျဆင်းလာသော်လည်း ယခုအချိန်တွင် ကြက်သွန်နီ လက်လီတစ်ပိဿာ ကျပ် ၃၆၀၀ ဈေးရှိကြောင်း ရခိုင်ပြည်နယ်သို့ ကုန်မျိုးစုံတင်ပို့ ရောင်းချနေသူ ကိုသာပေါထံမှ သိရသည်။
လက်ရှိ မင်းဘူးမြို့ ဈေးကွက်အတွင်း ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၃၆၀၀) ကျပ် ရောင်းချနေရပြီး မိုးကြက်သွန်များ မပေါ်သေး၍ မင်းဘူးဈေးကွက်အတွင်း ကြက်သွန်ဝင်ရောက်မှု နည်းပါးလာကာ တစ်နေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၁၅၀၀၀ ခန့်သာ ဝင်ရောက်သည့်အတွက် ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရသည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် ယခင်က မိုးတွင်းကာလများတွင်သာ စိုက်ပျိုးကြသော်လည်း ယခုအခါ မြေအောက်ရေများ အသုံးပြု၍ ရာသီမရွေး စိုက်ပျိုးလာကြသည်။ သို့သော် မိုးတွင်းကာလတွင် ကြက်သွန် အဖြစ်များ၍ စိုက်ပျိုးမှုများပြီး၊ ဈေးကောင်ဆုံးအချိန်သည် မိုးဦးကာလ မေ၊ ဇွန်၊ ဇူလိုင်လများသည် ဈေးအကောင်းဆုံး လများဖြစ်သည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် သွင်းအားစုများပြီး စရိတ်ပိုကာ စက်သုံးဆီဈေး၊ မြေဩဇာဈေး၊ အလုပ်သမားခ၊ ပျိုးပင်ဖိုးများကြောင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၉၀၀/၁၀၀၀ ဖြင့် ရောင်းချပါက စရိတ်စကလောက်သာ ရရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။ ယခု လက်ရှိတွင် လက်လီဈေး ကျပ် (၃၆၀၀) ရောင်းရကာ ကြက်သွန်နီဈေး ပြန်လည်မြင့်တက်လာသောကြောင့် စိုက်ပျိူးသူများ အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် ငွေသောင်ကျေရွာ ကြက်သွန်နီစိုက်တောင်သူ ကိုစိုးလင်းအောင်က ပြောသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment