ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်







MNP ၊  စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေအား ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ် ရေတိုင်းထွာမှုအရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၀ စင်တီမီတာခန့်လိုတော့ကြောင်း ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများထံက သိရသည်။


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ၁ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၁၀ စင်တီမီတာအလိုတွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ညောင်ဦးမြို့၏စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနိုင်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မြစ်ရေကြီးမှုသတိပေးချက်ထုတ်ပြန်ထား ကြောင်းသိရသည်။


မြစ်ရေကြီးမှုအခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု/ကျဆင်းမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့လေ့ကျင့်ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု တစ်စု အင်အား(၃၅)ဦး ဖြင့်စုဖွဲ့ထားရှိကြောင်းအရေးပေါ် အခြေအနေဖြစ်ပေါ်ခဲ့ပါက တယ်လီဖုန်း၁၉၁၊ ၀၆၁၂၄၆၀၁၉၁ သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံကသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)