MNP ၊ စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်သည်။
လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်ရာ၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန် ချိန် တွယ်ခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ အရပ်အမြင့် တိုင်းခြင်းတို့ဆောင်ရွက်ကာ အဆုတ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်၊ အသားဝါ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုးနီးယား ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ထိုနည်းတူစွာ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ)များတွင် သတ်မှတ်စုရပ်နေရာများအလိုက် တာဝန်ရှိကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဝင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment