MNP ၊ စက်တင်ဘာ ၄
ထိုင်းနိုင်ငံ၊ မဲဆောက်မြို၊ မယ့်ကာစာရွာတွင် မြန်မာနိုင်ငံမှ ထွက်ပြေး၍ တရားမဝင် ခိုးဝင်နေထိုင်သော PDF အကြမ်းဖက်သမားများ ရောက်ရှိငှားရမ်းနေထိုင်နေကြောင်း သတင်းရလို ရွာသူကြီးဦးဆောင်သော ဒေသခံပြည်သူ့စစ်များက သွားရောက်စစ်ဆေးရာ PDF အကြမ်းဖက်သမားများအတွက် ဒရုန်းထုတ်လုပ်ပေးနေသည့် နေအိမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မယ့်ကာစာရွာထဲရှိ အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ PDF အကြမ်းဖက်သမားများအတွက် ဒရုန်းတွေ ထုတ်လုပ်နေသော အလုပ်ရုံတစ်ခုဖြစ်နေကြောင်း သိရှိရပြီး ပစ္စည်းတွေကို သိမ်းဆည်းကာ ထိုင်းနိုင်ငံအတွင်း ခိုးဝင်နေထိုင်သော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးထားကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် PDF အကြမ်းဖက်သမားများသည် ဒရုန်းများအသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ယမန်နေ့ က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဒရုန်းဖြင့် Drop Bomb ပစ်ချတိုက်မှုကြောင့် ၅ဦးထက် မနည်း သေဆုံးခဲ့ရပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။
#MyanmarNationalPost





No comments:
Post a Comment