MNP ၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ပိုင်းက ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် တွင်စုပေါင်းသန့်ရှင်းဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြသောင်း ဦးစီးသောတပ်ဖွဲ့ဝင်များ ၊ တောင်ကုတ်မြို့မစခန်း မှ စခန်းမှူး ဒုရဲမှူး စန်းညွန့် ဦးစီးသောတပ်ဖွဲ့ဝင်များ စုစုပေါင်း(၆၂)ဦးဖြင့် စုပေါင်းသန့်ရှင်းကိုဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment