နေပြည်တော် ပျဉ်းမနားမြို့နယ် အ.ထ.က(၁)၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကျင်းပ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် ပျဉ်းမနားမြို့နယ် အ.ထ.က(၁)၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကျင်းပ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး







MNP ၊  စက်တင်ဘာ  ၁၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် အတတ်ပညာ၊ အသိပညာကြွယ်ဝပြီး အတွေးအခေါ် အလုပ်အကိုင်မှန်ကန်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့ဘဝ အဆင်ပြေနိုင်ပြီး မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံကို ကျောင်းကျိုးပြုနိုင်ကြမည်ဖြစ်ကြောင်း၊ ပညာရှာသင့်သည့်အရွယ်တွင် ပညာကို စူးစိုက်ရှာဖွေလေ့လာသင်ယူကြရန်လိုကြောင်း၊ အခြေခံအားဖြင့်စာတတ်ရန်၊ အတန်းပညာတတ်မြောက်ရန်လိုအပ်ပြီး ၎င်းမှတစ်ဆင့် အသိပညာဗဟုသုတပြည့်စုံအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ငယ်စဉ်ကပင် အကျင့်စာရိတ္တကောင်းမွန်အောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၏ ရည်မှန်းချက်အတိုင်း စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ပညာတတ်လူငယ်များဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဟုဆိုရာတွင် ပညာတတ်မြောက်ရုံဖြင့် မလုံလောက်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးကို မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဘက်စုံပညာရေး၏ အဓိပ္ပာယ်မှာကျယ်ပြန့်ကြောင်း၊ စဉ်းစားတွေးခေါ်သုံးသပ်မှု၊ တီထွင်ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုဆက်ဆံရေး၊ ဦးဆောင်တတ်မှု၊ လောကနီတိဆိုင်ရာအပြုအမူ၊ ကျန်းမာကြံ့ခိုင်မှု စသည်တို့လည်းပါဝင်ကြောင်း၊ ပင်ကိုယ်အရည်အသွေးများ မြှင့်တင်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ မိဘ၊ အုပ်ထိန်းသူများ၏ သွန်သင်ဆုံးမမှုများမြင့် နိုင်ငံတော်ကအားထားရမည့် ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်းရတနာများဖြစ်ကြရန် လေ့လာသင်ယူကြိုးစားကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည်က လက်ခံရယူသည်။


၎င်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade-3 မှ ကျောင်းသား၊ ကျောင်းသူများက ၃၈ ဖြာ မင်္ဂလာကဗျာဖြင့် သီဆိုကြသည်။


ယင်းနောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းပြီး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။


ထို့နောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗဟုသုတရရှိစေရန် "လှပသာယာပြည်မြန်မာ" ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌ရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)က ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်း‌လျှောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပျော်ရွှင်ဖွယ် Game များကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)မိသားစုနှင့် ကျောင်းအကျိုးတော်ဆောင်များက လှူဒါန်းသော ဘောလ်ပင်၊ စာအုပ်နှင့် မုန့်ပဲသရေစာများ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)