MNP ၊ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးနှင်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကိုယနေ့နံနက် (၁၁) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေး၌ စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်းကာ စျေးအတွင်းရှိ ရောင်းချနေသည့် ဆိုင်များ၌ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာ အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော် ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့ ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ဟောပြောခြင်းနှင့် လက်
ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment