မြောက်ဦးခရိုင် ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့်စာပေ ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးခရိုင် ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့်စာပေ ဟောပြောပွဲကျင်းပ





MNP ၊  စက်တင်ဘာ  ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာပေ၏ကောင်းကျိုးကို သိရှိပြီး စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့်အလေ့အထပိုမိုတိုးတက်ရရှိစေရေး လူငယ်နှင့်စာပေ ခေါင်းစဉ် ဖြင့် မြောက်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က ယနေ့လူငယ်များ အတွေးမှန်၊အမြင်မှန် လုပ်ရပ်မှန်မှ နောင်အနာဂတ်လည်း မှန်ကန်ကောင်း မွန် သည့် အနာဂတ်ဖြစ်လာမည်ဖြစ်ကြောင်း၊ အတွေးမှန်လုပ်ရပ်မှန်စေရန် စာအုပ်စာပေ ဖတ်ရှု ကြရန် လိုအပ်ကြောင်း နှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်းအဆင့် နှင့်မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများ စိတ်ဝင်စားသူ လူငယ် လူရွယ်များ ပါဝင်ယဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးချီးမြှင့် ခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)