မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း


MNP ၊  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို  ဖွင့်လှစ်၍ ရေငုံကျောင်းတိုက် ဘဒ္ဒန္တစန္ဒသာရ  ထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး၊ ပင့်သံဃာများမှ ပရိတ်တရား ရွတ်ဖတ်ပူဇော်ကြကာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယတိုင်းဦးစီးမှူး ဦးဋ္ဌေးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း အစရှိသည့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြပြီးနောက်၊ သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၊ ရွှေကြေးစည် ဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ ရေစက်ချတရား နာယူကြည်ညိုခဲ့ပြီး၊ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့သည်။


ထို့နောက် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များလည်း ဧည့်ခံတည်ခင်းခဲ့ကြောင်း သိရသည်။


ဇာနည်ကိုကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)