သာစည်မြို့နယ်တွင် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ဆက်လက်ရောင်းချ အောင်သူခ ရွှေဆိုင်နှင့်ဆန်၊ ဆီရောင်းဝယ်ရေးမိသားစုမှ ဆန်များဝေငှလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ဆက်လက်ရောင်းချ အောင်သူခ ရွှေဆိုင်နှင့်ဆန်၊ ဆီရောင်းဝယ်ရေးမိသားစုမှ ဆန်များဝေငှလှူဒါန်း


MNP ၊  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းက သာစည်မြို့နယ်အတွက် ဖြန့်ဖြူးရောင်းချပေးသော ဆီပိဿာ ၃၃၀၀ ကို အမှတ်(၄)ရပ်ကွက် ဦးဘဇံရွှေနဂါးဆီစက်နှင့် ဆီရောင်းဝယ်ရေး၊ ရွှေဇီးကွက် ဆီစက်နှင့်ဆီရောင်းဝယ်ရေး၊ ဒေါ်စန်းစန်း ဆီစက်နှင့်ဆီရောင်းဝယ်ရေးနှင့် အမှတ်(၅)ရပ်ကွက် အောင်သုခ ဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်း ဆီတစ်ပိသာလျှင် ၄၇၀၀ ကျပ်ဖြင့် ရောင်းချနေမှုနှင့် စနစ်တကျ တန်းစီဝယ်ယူနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ဆီပိဿာ ၃၃၀၀ ကို ဩဂုတ် ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထို့ပြင် အောင်သူခရွှေဆိုင်နှင့် ဆန်၊ ဆီရောင်းဝယ်ရေးမိသားစုမှ လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းဖြင့် လူဦးရေတစ်ထောင်ကို ကုသိုလ်ပြုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)