ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊  စက်တင်ဘာ  ၁၂

ကျေးလက်တောင်သူများနှင့်ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာနှစ်ရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၃ ဒသမ ၇၆၇၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်  ဂွေးပင်ခုန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းအရှည် ၀/၅.၇၆ မိုင်၊ အကျယ် ၁၂ ပေနှင့်ထု ၉ လက်မရှိ ကျောက်ရောမြေနီ လမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော ဟိန်းတေဇကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၆ ဒသမ ၅၁၂၂ သန်းဖြင့် မိုးမညို (တောင်) ကျေးရွာ လမ်းအရှည် ၁/၀.၅၃ မိုင်၊ အကျယ် ၁၄ ပေနှင့်ထု ၉ လက်မရှိ မြေသားကျောက်ရောမြေနီ လမ်းခင်းခြင်းလုပ်ငန်းကိုလည်း အဆိုပါကုမ္ပဏီမှ ပင်တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာများနှင့်‌ ကျေးရွာတာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ဒါရကုမ္ပဏီအား လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါကျေးရွာ (၂) ရွာရှိ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပြီးစီးပါက ကျေးလက်တောင်သူများ၏ လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)