အမရပူရမြို့နယ်ရှိ ကျောင်းသူ(၅၀)ဦးအား မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းက ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်ရှိ ကျောင်းသူ(၅၀)ဦးအား မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းက ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း




MNP ၊  စက်တင်ဘာ  ၁၂

မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း (မန္တလေး)(MWEA)၏ ပညာ့မိခင် အစီအစဉ်အဖြစ် ပညာသင်ထောက်ပံ့ပစ္စည်းများဖြင့် ကျောင်းသူလေးများအား ကျောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) အကြံပေး ဒေါ်သန္တာဘုန်းဝင်းက ပညာ့မိခင်ထောက်ပံ့ခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်သူ ၅၀ ဦး အား တစ်ဦးလျှင် ငွေကျပ် ငါးသောင်းကျော်တန်ဖိုးရှိ ကျောင်းတစ်စုံ ၂ စုံ၊ ကျောပိုးအိတ်၊ မိုးကာ၊ ထမင်းချိုင့်၊ စာအုပ်၊ ခဲတံနှင့် ဦးထုပ်တို့ကို တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ခရိုင် ပညာရေးမှူး ဒေါ်ခင်စန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါလှူဒါန်းပွဲသို့ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဝင်း၊တာဝန်ခံပညာ‌ရေးမှူး ဒေါ်မွှေး‌မွှေးအုန်း၊ ကျောင်းအုပ်ကြီး ဒေါ်တင်တင်ဦး၊အထက-ရွှေကြက်ယက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူထွန်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်း ဆောင်ရှင်များအသင်း(မန္တလေး) အကြံပေးများ၊ အတွင်းရေးမှူး ဒေါက်တာ ပွင့်ယုမာနှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊အ‌‌ခြေခံပညာ ကျောင်းအသီးသီးမှ ကျောင်းအုပ်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသူ(၅၀) ဦးနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)