တပ်ကုန်းမြို့၌ ကြက်ဟင်းခါးသီး တစ်ပိဿာ ၈၀၀ ကျပ်ရောင်းချရ၍ စိုက်ပျိုးသည့်တောင်သူ ဝင်ငွေတွက်ခြေကိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ကြက်ဟင်းခါးသီး တစ်ပိဿာ ၈၀၀ ကျပ်ရောင်းချရ၍ စိုက်ပျိုးသည့်တောင်သူ ဝင်ငွေတွက်ခြေကိုက်


MNP ၊  စက်တင်ဘာ  ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် စိုက်ပျိုးသည့် ကြက်ဟင်းခါးသီးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကောင်းသောကြောင့် စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း ပေါက်ပင်သာကျေးရွာ၊ ကြက်ဟင်းခါး သီးနှံစိုက်ပျိုးတောင်သူထံမှ  သိရသည်။


ကြက်ဟင်းခါးသီးနှံစိုက်ပျိုးရာတွင် ထိုင်းမျိုးအား ဝယ်ယူစိုက်ပျိုးပြီး၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးကြောင်း၊ အပင်တန်းကြား၊ ပင်ကြားကို မြေအမျိုးအစားပေါ်မူတည်၍ စင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မြေအစိုဓာတ်ကို နှစ်သက်၍ ရေဝပ်လျှင်အပင်များ ပျက်စီးကြောင်း၊ ဒသမ ၄၅ ဧက ကို မျိုးဖိုး၊ စင်ဝါးဖိုးအပါဝင် စုစုပေါင်းသွင်းအားစု ၂ သိန်းကျော် ကုန်ကျကြောင်း၊ တစ်ပိဿာလျှင် ၈၀၀ ကျပ်ရောင်းချရပြီး၊ ယခုလက်ရှိ ကုန်ချိန် ၉၀၀ ပိဿာ ထွက်ရှိသဖြင့် ဝင်ငွေတွက်ခြေကိုက်ကြောင်း၊ ထွက်ရှိလာသည့် ကြက်ဟင်းခါးသီးများအား တပ်ကုန်းမြို့မဈေးသို့ ရောင်းချရခြင်း၊ ကုန်စိမ်းပွဲစားများက အခင်းအထိ လာရောက်ဝယ်ယူကြပြီး၊ နေပြည်တော်၊ ရန်ကုန်မြို့များမှ ဖောက်သည်များအား ပြန်လည်တင်ပို့ရောင်းချကြောင်း ကြက်ဟင်းခါးသီးနှံစိုက်ပျိုးသည့် ပေါက်ပင်သာကျေးရွာ၊ ဒေါ်မြင့်မြင့်ရီထံမှ သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment