မြောင်းမြမြို့၌ Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့၌ Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး




MNP ၊  စက်တင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန၊ ကုမုဒြာစာကြည့်တိုက်၊ အ.ထ.က (၇) နှင့် အ.မ.က ကြာဖူးငုံကျောင်းများသို့ သုတ/ရသ စာအုပ်စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။


ထိုသို့ စာအုပ်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များစုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment