နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ဗန်းမော်မြို့သို့ သွားရောက်ပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ဗန်းမော်မြို့သို့ သွားရောက်ပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး






MNP ၊  စက်တင်ဘာ  ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ လုပ်ငန်းဆောင်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်တွင် ရောက်ရှိနေသော နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အတူ စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲက ဗန်းမော်ခရိုင်၊ ဗန်းမော်လေဆိပ်သို့ လေကြောင်းခရီး ဖြင့်သွားရောက်ပြီး ဗန်းမော်မြို့နယ်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နနန်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့နယ်၊ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ကမ်းနားရှိ ပိုင်ရှင်ဦးရိုး၏ နေမင်းဆီစက်နှင့် ဗန်းမော်ပဲဆီသန့် ရောင်းဝယ်ရေးလုပ်ငန်း၌ တန် ၂၀ ကျ ဆီစက်လည် ပတ်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်းရရှိမှု အခြေအနေများ၊ တစ်ရက် ပိဿာ ၅၀၀ ကျော်ထုတ်လုပ်နိုင်မှု အခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဗန်းမော်မြို့ သာစည်ရပ်ကွက်အတွင်းရှိ ပိုင်ရှင် ဦးရီခမ်း၊ ဒေါ်အေးငင်းတို့၏ ဗန်းမော်ဒေသထွက် ချဉ်ဇော်ခါးသီး ဖြင့် ထုတ်လုပ်သည့် ရှမ်းမလေး ယိုစုံနှင့်ဝိုင်လုပ်ငန်းဆောင်ရွက်နေသည့်နေရာ၌ ချဉ်ဇော်ခါးသီးဖြင့် ယိုစုံထုတ်လုပ်နေမှုအခြေအနေများနှင့် အချဉ်ဖောက်၍ ဝိုင်ထုတ်လုပ်မှုတို့ကို လှည့်လည်ကြည့်ရှုစစ် ဆေးပြီး အရည်အသွေးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပထုတ်ကုန် တစ်ခု အဖြစ် ရည်ရွယ်ထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ဗန်းမော်မြို့ ဟန်းတဲရပ်ကွက်၊ ဖန်ခါးကုန်းအတွင်းရှိ စိန်သုံးလုံးဆန်စက်၌ တန် ၆၀ ကျ ဆန်စက်နှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တစ်ရက်ကြိတ်ခွဲထုတ်လုပ်နိုင်သည့် အခြေအနေများ၊ စပါးကုန်ကြမ်းရရှိနိုင်မှု၊ ဆန်ချော ထုတ်ကုန်များရောင်းချနိုင်မှု၊ ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် နည်းပညာတက္ကသိုလ် အဝင်လမ်း အရှည်ပေ ၁၀၀၀၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထိုမှတစ်ဆင့် ဗန်းမော်မြို့ (၃)မိုင်ရွှေပြည်သာရပ်ကွက်ရှိ စိန်သရဖူဆန်စက်၌ တန် ၁၀၀ ကျ စိန်သရဖူ ဆန်စက်လည်ပတ်ထုတ်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဗန်းမော်မြို့သည် ကုန်း လမ်း၊ ရေလမ်း၊ လေကြောင်းတို့ဖြင့် ဆက်သွယ်သွားလာနိုင်သည့် ဒေသဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် MSME လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် စေခြင်းဖြင့် အချိန်တိုအတွင်း တိုးတက်မှုမြန်ဆန်လာမည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထုတ်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာ၊ စက်ကိရိယာများ ပံ့ပိုးကူညီပေးသွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)