တိုက်ကြီးခရိုင်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးခရိုင်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  စက်တင်ဘာ  ၂၆

ပြည်သူတစ်ဉီးချင်းအပေါ်သို့ ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစား အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းများကို သိရှိနိုင်စေရန်ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီက ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ ခရိုင်ပညာရေးမှုးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဝေက အဂတိလိုက်စားမှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။ ဆက်လက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးယဉ်ထွန်းက မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သမိုင်းကြောင်းနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဉပဒေပြဌာန်းခြင်းနှင့် အဂတိလိုက်စားမှု သဘောတရားများ စသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆွေးနွေးသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ တက်ရောက်ကြောင်းသိရသည်။


စန်းကလျာခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)