ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ





MNP ၊  စက်တင်ဘာ  ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း ကျင်းပပြုလုပ်သည့် လူငယ်အသိပညာပေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။


အဆိုပါ လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်‌ဋ္ဌေးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က လူငယ်စကားဝိုင်း ပြုလုပ်ကျင်းပ‌‌ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံ့တာဝန်များအား ပခုံးပြောင်းယူကြရမည့် မျိုးဆက်သစ်လူငယ်များ အတတ်ပညာ/အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရေးနှင့် လိမ္မာယဉ်ကျေးသော ပြောဆိုပြုမူဆက်ဆံမှုများနှင့် ကျောင်းသား/ကျောင်းသူ အချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့် အမြင်ချင်း ဖလှယ်တက်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ဆွေးနွေးရာ အဆိုပါ အခြေခံပညာအထက်တန်းကျောင်း Grade-(10) မှ မကြယ်စင်ကျော်ဝင်းက (လူငယ်နှင့်မူးယစ်ဆေးဝါး)၊  မောင်ရဲရင့် က (လူငယ်နှင့်ကြိုးစားမှုရလဒ်)၊ မယွန်းသန္တာခိုင်က (လူငယ်နှင့်စာရိတ္တ)၊ မယုယုနှင်း က(လူငယ်နှင့်စာပေ)၊ မောင်ဘုန်းခန့် က (လူငယ်နှင့်စည်းကမ်း)၊ မသဇင်လပြည့်က (လူငယ်နှင့်အားကစား)၊ မစိုးစန္ဒာဝင်းတို့မှ (လူငယ်နှင့်အချိန်၏တန်းဘိုး)စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။


မျိုးမင်းဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)