MNP ၊ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာတစ်ရွာချင်းအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာ(၇)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာ မြို့ချောင်းကျေးရွာ သိန်း(၁၅၀)၊ အချွိန်ပြင်ကျေးရွာ သိန်း(၁၅၀)၊သလူပြိန်ကျေးရွာ သိန်း(၁၅၀)၊လက်ပန်အဝကျေးရွာ သိန်း(၁၅၀)၊တရောင်းကျေးရွာ သိန်း(၁၅၀)၊အတွင်းပြင်ကျေးရွာ သိန်း(၁၅၀)၊ပုန်းဆိုးပြိန်ကျေးရွာ သိန်း(၁၅၀)တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲတို့က အသီးသီးလွှဲပြောင်းပေးအပ်ကြရာ ကျေးရွာများမှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment