MNP ၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ခရိုင်အဆင့် ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေ့ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကမိမိတို့ခရိုင်တွင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆိုအကအရေးအတီး ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပ နိုင်ရေး နှင့်ပြည်နယ် အဆင့် ၊ ဗဟိုအဆင့်ပြိုင်ပွဲများတွင် ခရိုင်ကိုယ်စားပြု၊ ပြည်နယ်ကိုယ်စားပြု ဆုတံဆိပ် များ ရရှိနိုင်ရန် အရည်အသွေးပြည့်မီသည့် ပြိုင်ပွဲဝင်များကို ရွေးချယ်လေ့ကျင့်ပေးရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာကော်မတီများက ကြိုးပမ်းသွားကြရန်လိုအပ်ကြောင်း ပြောကြား ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဥက္ကဌ နှင့်အတွင်းရေးမှူး များ ၊ အဆို အက နှင့် အတီး ပညာရှင်များက ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
တောင်ကုတ်ခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီး ပြိုင်ပွဲများကို စက်တင်ဘာ(၅)ရက်မှ(၇)ရက်နေ့အထိ တောင်ကုတ်မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွား မည်ဖြစ်ရာ ပြိုင်ပွဲသို့ တောင်ကုတ် ၊ မာန်အောင်မြို့နယ်များမှ ပြိုင်ပွဲဝင်များ က ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသီရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment