MNP ၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံး ကုန် ထုတ် လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စ၍ ငါးခူရကျေးရွာတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ကို ကျေးရွာများရှိ အမျိုးသမီးများ အနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်ခုတတ်မြောက်ခြင်း အားဖြင့် လူငယ်များလမ်းမှားမရောက်စေဘဲ ၊ ပညာရေးတစ်ပိုင်းတစဖြင့် အနာဂါတ်ဘဝများ မပပျောက်စေရေး ၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေခြင်းကြောင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာနိုင်စေရေး စသည့် ရည်ရွယ်ချက် များ ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် ဆပ်ပြာရည် ၊ ဆပ်ပြာခဲ ၊ ခေါင်းလျှော်ရည် ၊ လက်သန့်ဆေးရည် နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ ဘာသာရပ်များအား စာတွေ့ ၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းကို နည်းပြ ၁ ဦးက သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦးက တက်ရောက်သင်ယူလျက်ရှိရာ သင်တန်းကာလမှာ ငါးရက်တာဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment