တရုတ်တိုင်းရင်းဆေးအဖွဲ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကုသိုလ်ဖြစ် ကျန်းမာရေး စောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်တိုင်းရင်းဆေးအဖွဲ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကုသိုလ်ဖြစ် ကျန်းမာရေး စောင့်ရှောက်မှုပေး





MNP ၊ စက်တင်ဘာ ၂၉

တရုတ်နိုင်ငံ ဖူကျန့် တရုတ်တိုင်းရင်းဆေးအဖွဲ့သည် စက်တင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသည်။ 

ကုသိုလ်ဖြစ်ဆေးကုသပေးသည့်အစီအစဉ်ကို မြန်မာနိုင်ငံ ဖူကျန့်ကုန်သည်ကြီးများအသင်း၏ တစ်တပ်တစ်အား ကူညီပံ့ပိုးမှုဖြင့် ဖူကျန့်ပြည်နယ် တရုတ်နွယ်ဖွား အသင်းချုပ်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအစီအစဉ်က ပြည်ပရောက် တရုတ်နွယ်ဖွားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ၊ တရုတ်တိုင်းရင်းဆေးရဲ့ကောင်းမွန်မှုကို အများသူငါ သိစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်” ဟု ဖူကျန့်ပြည်နယ် ပြည်ပရောက် တရုတ်နွယ်ဖွား အသင်းချုပ် အဖွဲ့ဝင် ကျန်းရောက်က ဆင်ဟွာသို့ ပြောသည်။

အသင်းအနေဖြင့် နှစ်စဉ် တရုတ်တိုင်းရင်းဆေးပညာရှင်များကို စုစည်းပြီး ပြည်ပတွင် ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုအစီအစဉ်က ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်ပေးသည့်ခရီးစဉ်ဖြစ်ပြီး လာအိုနိုင်ငံ၊ သီရိလင်္ကာနိုင်ငံပြီးနောက် မြန်မာနိုင်ငံသို့ လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ လာရောက်ပြသသည့် ရန်ကုန်မြို့နေ လျိုကော်ကွမ်းက “ဒီအစီအစဉ်က အရမ်းကောင်းပါတယ်။ တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်တယ်။ နောင်မှာ ဒါမျိုး အစီအစဉ်တွေ အများကြီး ရှိပါစေလို့ မျှော်လင့်မိတယ်” ဟု ဆိုသည်။

ဖူကျန့်ပြည်နယ် ဆေးရုံ ပြန်လည်ကျန်းမာသန်စွမ်းရေးဌာန သမားတော်၊ တရုတ်တိုင်းရင်းဆေးအဖွဲ့ဝင် ဖြစ်သူ ချန်ကျယ်က ယခုအကြိမ်မြန်မာနိုင်ငံသို့ ကုသိုလ်ဖြစ် ဆေးကုသပေးရန် လာရောက်ခြင်းမှာ ၎င်းအနေဖြင့် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ယခုအကြိမ် တရုတ်တိုင်းရင်းဆေးကုသရန်လာရောက်သူက သိသိသာသာများလာကြောင်း၊ ၎င်းတို့အနက် အများစုမှာ ခါးနာ၊ ကျောနာ ရောဂါသည်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်ပေးသည့် ယခုအကြိမ်ခရီးစဉ်တွင် တရုတ်တိုင်းရင်းဆေး သမားတော် ၅ ဦး ပါဝင်ပြီး လူနာပေါင်း ၃၀၀ ခန့်ကို ကြည့်ရှုကုသပေးခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)