လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) မူကြမ်း ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) မူကြမ်း ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး


MNP ၊ စက်တင်ဘာ ၂၉

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်း (Standard Operating Procedure – SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က (Standard Operating Procedure – SOP) လုပ်ထုံးလုပ်နည်းစံနှုန်း ရေးဆွဲပြုစုရေးအတွက် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရေး ဆက်လက်ကြိုးပမ်းသွားကြရန် ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်းကော်မတီများအနေဖြင့် ၂၀၁၂ ခုနှစ် ဩဂုတ် ၃၁ ရက် မတိုင်မီကာလနှင့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက် နောက်ပိုင်းကာလခွဲခြား၍ စာရင်းပြုစုကောက်ယူဆောင်ရွက်ပြီး မြေပြင်အနေအထားပေါ်တွင် မူတည်၍ ရေးဆွဲပြုစုထားသည့် စံလုပ်ထုံးလုပ်နည်း(SOP)ကို ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအား ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစတင်သည့်အခါ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက လက်ရှိမြေပြင်တွင် ကာလခွဲခြားပြီး စာရင်းကောက်ယူမှုများကို မှန်ကန်မှုရှိစေရေးအတွက် စနစ်တကျခွဲခြား ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) မူကြမ်းစုဆောင်းရရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ လုပ်ငန်းကော်မတီဝင်များက SOP တွင် ပါသင့်ပါထိုက်သည့်အချက်များ ထည့်သွင်းပြဋ္ဌာန်း သတ်မှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

(SOP) မူကြမ်းများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက စိစစ်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ မပြဋ္ဌာန်းမီကာလ ကျူးလွန်မှု၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအာဏာတည် ပြီးနောက်ပိုင်းကမာလ ကျူးလွန်မှု၊ နောက်နောင်ထပ်မံမဖြစ်ပွား စေရေးဟူ၍ အပိုင်း(၃)ပိုင်းဖြင့်စိစစ်ပြီး တည်ဆဲဥပဒေများ နည်းဥပဒေများနှင့်အညီ တိုးပွားလာသောလူဦးရေအတွက် နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေးနှင့် စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ ဥပဒေမဲ့ကျူးလွန်အသုံးပြုခြင်းနှင့် ကျူးကျော်လုပ်ကိုင်ခြင်းတို့ကို ခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)