ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်မည့်အဖွဲ့များ စုဖွဲ့ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်မည့်အဖွဲ့များ စုဖွဲ့ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့



MNP ၊  စက်တင်ဘာ  ၂၉

၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အဆင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အသီးသီးမှ ရောက်ရှိလာကြသော ပြိုင်ပွဲဝင် အဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား မြစ်ကြီးနားမြို့‌ပေါ်ရှိ ၎င်းအဖွဲ့များ စုဖွဲ့နေရာချထားသည့် စခန်းအသီးသီး၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ဒူကထောင်ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားခန်းမ၌  ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရှမ်းတိုင်းရင်းသားရိုးရာအက ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် နည်းပြဆရာမများဖြင့် စုဖွဲ့လေ့ကျင့်နေမှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စည်းလုံးမှု၊ စုဖွဲ့လေ့ကျင့်မှု အားကောင်းစွာဖြင့် လေ့ကျင့်ယှဉ်ပြိုင် နိုင်ရေးအတွက် လိုအပ်သည်များကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး  တာဝန်ရှိသူများနှင့် ‌ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌  (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ပါဝင်ယှဥ်ပြိုင်နိုင်ရေးအတွက်  မြို့နယ်အသီးသီးမှ သက်ဆိုင်ရာဘာသာရပ်အလိုက် ပြိုင်ပွဲဝင်များ၊  ဒိုင်အဖွဲ့များအား ရင်းရင်း နှီးနှီးသွား‌ရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး လုံ့လဝီရိယစိုက်ထုတ်ကာ ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် လိုအပ်ချက်များအား ထောက်ပံ့ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပမ္မတီးရပ်ကွက်ရှိ မြန်မာနိုင်ငံ လီဆူ စာပေနှင့် ယဥ်ကျေးမှုဗဟိုကော်မတီရုံး၌ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ပါဝင်ကပြဖျော်ဖြေမည့် လီဆူတိုင်းရင်းသားရိုးရာ ယဥ်ကျေးမှု အကအဖွဲ့၏ ရိုးရာအကအားစုဖွဲ့ လေ့ကျင့်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး  ‌လီဆူရိုးရာအကအဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ကာ လီဆူစာပေနှင့် ယဥ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လီဆူစာပေနှင့် ယဥ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ သည်။


အဆိုပါ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရန်အတွက် ပြည်နယ်အဆင့်ပြိုင်ပွဲအား စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အသီးသီးမှ  ပြိုင်ပွဲဝင် (၁၃၉) ဦးတို့က ဘာသာရပ်အလိုက် ပြိုင်ပွဲအမျိုးအစား (၄၄)မျိုးဖြင့် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)