ဗီယင်နာ၊ စက်တင်ဘာ ၂၉
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ (၆၇) ကြိမ်မြောက်အထွေထွေ ညီလာခံကျင်းပနေစဉ်ကာလအတွင်း၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီ မောင်မောင် နှင့်အတူ IAEA နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာရှနှင့် ပစိဖိတ်ဒေသဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၂၈-၉-၂၀၂၃ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံလျက်၊ မြန်မာနိုင်ငံနှင့် IAEA တို့အကြား နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
IAEA သည် ယင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ Nuclear Safety၊ Food and Agriculture၊ Water and the Environment၊ Industrial Applications နှင့် Health and Nutrition ကဏ္ဍများတွင် မြန်မာနိုင်ငံသို့ နည်းပညာအကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂတွင် အကြမ်းဖက်လှုပ်ရှားမှုများကြောင့် ဝရမ်းပြေးအဖြစ် ကြေညာထားသူ ကျော်မိုးထွန်း က မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အစိုးရက တရားဝင် ခန့်အပ်ထားသည့် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း က တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment