MNP ၊ စက်တင်ဘာ ၅
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၄ ကြိမ်မြောက် မောင်တောခရိုင်အဆင့် အဆို ၊ အက ၊အရေး ၊အတီးပြိုင်ပွဲအခမ်းအနားကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများ နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မောင်တော ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘူးသီးတောမြို့နယ်မှ ဝါသနာရှင်အကအဖွဲ့မှ သမိုင်းသက်သေ တေးသီချင်း ဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြပြီး ဘူးသီးတောမြို့နယ်မှ ကဗျာလွတ်အကဖြင့် ကပြယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊အတီး ပြိုင်ပွဲကျင်းပြုလုပ်ရာ အသက် ၁၀ နှစ်မှ ၁၅ နှစ်ခေတ် ဟောင်း ကာလပေါ်တေးသီချင်း ၊ အသက် ၁၅ နှစ် မှ ၂၀ နှစ် ခေတ်ဟောင်းကာလပေါ် တေးသီချင်း၊ ဝါသနာရှင်(ဒုတိယ)တန်း (မဟာဂီတ) ၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်) နှင့် အမျိုးဂုဏ် ဇာတိဂုဏ်သီချင်းများဖြင့် ဝါသနာရှင် များ ၊ ကျောင်းသား၊ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment