တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်







MNP ၊  စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၄/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြီးခဲ့သောအစည်းအဝေးတွင် ဟိုတယ်နှင့် ပတ်သက်၍ဆောင်ရွက်ခဲ့မှု(၄)ခု၊ လုပ်ငန်းလိုင်စင်သစ် (၉) ခု၊ အဆင့်မြင့် တည်းခိုရိပ်သာလိုင်စင်သစ်(၂)ခု၊  ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်သစ်(၃)ခု၊ဧည့်လမ်းညွှန်လုပ်ငန်း(၂)ခု၊ ဟိုတယ် လုပ်ငန်းလိုင်စင်သက်တမ်းတိုး (၂၉) ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလိုင်စင်သက်တမ်းတိုး(၅)ခု၊ ခရီးလှည့်လည်ရေး လိုင်စင်သက်တမ်းတိုး (၂၃)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လိုင်စင်သက်တမ်းတိုး(၃၉)ခုအားစိစစ်ပြီးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ခဲ့မှုများအပေါ် ထိရောက်စွာအသုံးချပြီး ဒေသဖွံ့ဖြိုး ရေးအတွက် တစ်ဖက်တစ်လမ်းမှ  ဝိုင်းဝန်းကာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး သည်မိုးများပြီး ကမ်းရိုးတန်းဒေသတိုင်းဖြစ်သည့်အတွက် ယခုကာလတွင် ခရီးသွား အနည်းငယ်သာရှိကြောင်း၊  မိုးရာသီကာလအတွင်း ဟိုတယ်လုပ်ငန်းများ၊ ဝန်ထမ်းများ၊ အစားအသောက်လုပ်ငန်း များ၊ အချက်အပြုတ် menu သစ်များပြင်ဆင်ထားရှိရန်လိုအပ်ကြောင်း၊ ခရီးသွား ဧည့်သည်များအား စိတ်ချမ်းမြေ့စွာနေထိုင်နိုင်အောင်ဆောင်ရွက်ရမည့်အစီအမံများ၊ ခရီးသွားဧည့်သည်များလာရောက် ပါက ဒေသ၏ဖွံ့ဖြိုးတိုးတက်နေမှုများ၊ လှပသာယာမှုများကို မှတ်ယူသွားနိုင်အောင် တိုင်ပင်ဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင် စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာ များအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြကာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)