MNP ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကောင်း(ကိုယ်ပိုင်အထက်တန်း)ကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာ သင်နှစ် ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကွင်းဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်း၌ နေရာယူကြပြီး စစ်ကြောင်းမှူးမှ ဦးဆောင်ကာ ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဌာန်(၄)ချက်အား ရွက်ဆိုကြသည်။ ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ကောင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရာ အနော်ရထာ အသင်းနှင့် အလောင်းဘုရားအသင်းတို့သည် တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင် ကစား ခဲ့ကြပြီး ပွဲပြီးဆုံးချိန်တွင် အနော်ရထာအသင်းမှ အလောင်းဘုရားအသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင် ရရှိသွားသည်။
အဆိုပါ ကျောင်းကောင်စီဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့် အသင်းငါးသင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စက်တင်ဘာလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့ထိ (၇) ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ပျော်ရွှင်စွာဖြင့် တစ်ခဲနက်လာရောက် အားပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment