ချီဖွေမြို့နယ်၌ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေမြို့နယ်၌ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၇

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဒန်ဂေါ့ လမ်းကြား၌ ပြည်သူများသက်သာ ချောင်ချိရေးအတွက် အရောင်းဆိုင်များဖွင့်လှစ်၍ စက်တင်ဘာလ ၅ ရက်နေ့ နံနက် (၇) နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊  ဝက်သား၊ အမဲသား၊ ငါး၊  ခေါက်ဆွဲ၊ ကုန်စိမ်းများ စသည့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်နေမှု အခြေအနေများကို ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယညွှန်းကြားရေးမှူး ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦး‌ ဇောင်းရယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။


အဆိုပါ ပြည်သူ့သက်သာ‌ ချောင်ချိရေးဈေးအရောင်းဆိုင်ဖွင့် လှစ်ရောင်းချခြင်ကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များအလိုက် ဒန်ဂေါ့ လမ်းကြား၌ သက်သာချောင်ချိရေး အရောင်းဆိုင် များဖွင့်လှစ်၍  အပတ်စဉ်အလိုက် ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ယော်ကိ

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)