၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းရန် လျာထားချက်များ စိစစ်အတည်ပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းရန် လျာထားချက်များ စိစစ်အတည်ပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊  စက်တင်ဘာ  ၇

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုရည်မှန်းရန် လျာထားချက်များ စိစစ်အတည်ပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင်က ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှု ရည်မှန်းရန်လျားထားချက်များကို ရှင်းလင်းသည်။


ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းလျာထားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment