MNP ၊ စက်တင်ဘာ ၇
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်စေရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲများကို ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်။ (ပုံ - (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်နေစဉ်)
အဆိုပါ ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်းနှင့် အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင် အဆင့်)ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်၌ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်၍ ထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment