သီပေါမြို့နယ်၌ စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်တိုးမြှင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်၌ စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်တိုးမြှင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး




MNP ၊  စက်တင်ဘာ  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဆီစက်များနှင့်ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချသောစားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်တိုးမြှင့်၍ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးပြေငြိမ်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လင်းလင်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ အစရှိသည့် ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရှိ ဆီစက်များနှင့် ကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသောစားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်း  ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် ဆီစက်ပိုင်ရှင်များ၊ ကုန်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်များအား ပုံမှန်သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။


ခင်လေး

https://t.me/MyanmarNationalPost



No comments:

Post a Comment