သီပေါမြို့၌အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့၌အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် မြေစိုက်ပိုစတာ စိုက်ထူ


MNP ၊  စက်တင်ဘာ  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် ကလေးငယ်များအကြမ်းဖက်ခံရပါက တိုင်ကြားနိုင်မည့် ၂၄ နာရီ Helpline ဝန်ဆောင်မှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက ဝက်ဝံယာယီပျံကျဈေးအရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြေစိုက်ပိုစတာတွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ၊ ကျားမအခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များကို တိုင်ကြားနိုင်ကြောင်း၊တိုင်ကြားသူများအား ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေး ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်ကြားသူများ၏ သတင်းအချက်အလက် မပေါက်ကြားစေရေးကို အထူးအလေးထား ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးမြိုင်ထံမှ သိရသည်။


ခင်လေး

https://t.me/MyanmarNationalPost




No comments:

Post a Comment