MNP ၊ စက်တင်ဘာ ၇
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဆဋ္ဌအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ(ကျောက်မဲဆရာတော်)ကဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ(ရွှေဘိုဆရာတော်)က ဆောင်ရွက်သည်။
အစည်းအဝေးကို “သာသနဿ စ လောကဿ”အစချီသော ဂါထာကို ၃ ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ကြပြီး ဒုတိယဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲဆရာတော်)က သြဝါဒကထာ မြွတ်ကြားသည်။
ထို့နောက်အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ဆဋ္ဌအကြိမ်ပဉ္စမအစည်းအဝေးမှတ်တမ်း (ဒု-ဆဋ္ဌ ၅/၂၀၂၃)ကို ဖတ်ကြားအတည်ပြုကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ(ဒုတိယအဖွဲ့ခွဲ)ဒုတိယဥက္ကဋ္ဌ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တစိတြဉာဏ(ကံမဆရာတော်)နှင့်အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ(မတ္တရာဆရာတော်)မှတစ်ပါး ကျန်ဆရာတော် ၁၃ ပါး တက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးမျိုးဝင်းအောင်နှင့် သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment