ဆီဆိုင်မြို့ပေါ်ရှိ စာအုန်းဆီရောင်းချသည့် ဈေးဆိုင်များအား သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့ပေါ်ရှိ စာအုန်းဆီရောင်းချသည့် ဈေးဆိုင်များအား သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး




MNP ၊  စက်တင်ဘာ  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ စားအုန်းဆီ ရောင်းချသည့်ကုန်စုံဆိုင်များအား သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြသည်။


ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆီဆိုင်မြို့မဈေးနှင့် အပြင်ကုန်စုံဆိုင်များတွင် စားအုန်းဆီသတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်း ရှိ/ မရှိ၊ တပ်မတော်ထုတ်ကုန်ပစ္စည်းများအား ဈေးဆိုင်များတွင် မရောင်းချပါ/ မရှိပါစာကပ်ထားရှိမှုများ ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်းနှင့် တပ်မတော်ထုတ်ကုန်ပစ္စည်းများ မရောင်းချပါဟူသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထားခြင်းမရှိကြောင်း သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment