MNP ၊ စက်တင်ဘာ ၇
လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၉/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီအချိန်က လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာ တောင်သူများ၏ မြေယာကိစ္စရပ်များ၊ MSME ကိစ္စရပ်များနှင့်ပတ်သက်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်စပ်လျဉ်းပြီး ချေးငွေရယူနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆောင်ရွက်လိုသည့်လုပ်ငန်းများ စာရင်းပြုစုတင်ပြလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းရပ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment