မရမ်းကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ





MNP ၊  စက်တင်ဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နံနက် ၈ နာရီက မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။


ဆက်လက်၍ မရမ်းကုန်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က (၅) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ယဥ်ယဥ်ငြိမ်းက  လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ စာရေးဆရာ‌ မြေလတ်ထင်‌ကျော်မိုးက လူငယ်နှင့်ဗလငါးတန်ခေါင်းစဥ်ဖြင့် လည်းကောင်း  အသီးသီးဟောပြော ဆွေးနွေးခဲ့သည်။ ထို့နောက် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ငြိမ်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာ‌စောင်များကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ‌ လေ့လာကြည့်ရှုကြကြောင်း သိရသည်။


မိုးမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment