MNP ၊ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက အဆိုပါကျောင်း ဗဟိုစံပြခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောက်တံတားခရိုင် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဌေးလွင်က မူလတန်းအရွယ်မှစတင်ကာ ရိုးသား၍ဖြောင့်မတ်တည်ကြည်မှုရှိသော အကျင့်စရိုက်ရှိရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပညာပေးအစီအစဥ်များတွင်ပါဝင်စေခြင်းဖြင့် စတင်ရမည်ဖြစ်ကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် ကျောင်းသူ/ ကျောင်းသားများ၏ အကျင့်စာရိတ္တကိုယ်ကျင့်တရား ဖြောင့်မတ်ကောင်းမွန်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာမိုးမိုးမြင့်မှ ဆေးလိပ်နှင့်မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအား ဟောပြောဆွေးနွေးပြီး လသာမြို့နယ် အမှတ်(၁)အခြေခံအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။။
အဆိုပါအခမ်းအနားသို့ တာဝန်ရှိသူများ ကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်များ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မနီ
https://t.me/MyanmarNationalPost
No comments:
Post a Comment