မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ




MNP ၊  စက်တင်ဘာ  ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များမှ ယနေ့နံနက်(၇)နာရီက မြို့မရပ်ကွက် ရွှေဘုန်းသာဘုရားရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ ဖွင့်လှစ်ရောင်းချရာတွင် အမဲသား(၁)ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဝက်သား(၁)ပိဿာလျှင်(၁၃၀၀ဝ)ကျပ်၊ ဆိတ်သား(၁)ပိဿာ(၁၆ဝဝဝ)ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၂၀ ကျပ်ဖြင့်ကြက်ဥ (၈၀၀) လုံး၊ စားအုန်းဆီ(၁)ပိဿာလျှင် (၄၇၀၀)ကျပ်နှုန်းဖြင့်ဆီ(၁၁၀)ပိဿာ၊ ဆန်(၁)ပြည်(၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၄၅)ပြည်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


မင်းလှမြို့နယ်တွင် ဖွင့်လှစ်ရောင်းချပေးသည့် တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များကို အပတ်စဉ်ကြာသပတေးနေ့တိုင်းတွင် ရပ်ကွက်များတွင် အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဇာဇာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)