MNP ၊ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက် မင်းဧရာတံတားအနီး အခွန်လွတ် ဈေး၊ အမှတ် (၂)ရပ်ကွက်၊ အမှတ်(၁၁) ရပ်ကွက်နှင့် ရေလဲကလေးကျေးရွာရှိ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက စားအုန်းဆီနှင့် ဆန်များအား ရောင်းချ ပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် မအူပင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ (၁)ပိဿာလျှင် (၄၅၀၀/-)ကျပ်နှုန်းဖြင့် မင်းဧရာ တံတားအနီး အခွန်လွတ်ဈေးနှင့် ရေလဲကလေးကျေးရွာရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ပိဿာချိန် (၄၄၀)ပိဿာ ရောင်းချပေးခဲ့ သည်။ ၎င်းနောက် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်းနှင့် ဆန်ဆိုင်များမှ ဆန် (၁)ပြည်လျှင် (၂၅၀၀/-) ကျပ်နှုန်းဖြင့် မင်းဧရာတံတားအနီး အခွန်လွတ်ဈေး၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၁)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ပြည်သူများ အား သက်သာသော ဈေးနှုန်းဖြင့် ဆန်အိတ် (၄၅)အိတ် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဌာနအလိုက် နေ့စဉ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment