ရွှေဘိုတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုပွဲများ ဒုတိယ‌နေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုပွဲများ ဒုတိယ‌နေ့ ဆက်လက်ကျင်းပ




MNP ၊  စက်တင်ဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုများကို ယမန်နေ့မှ စတင်ပြီး ကျင်းပပြုလုပ် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  ဘွဲ့နှင်းသဘင်ခန်းမ​ဝန်း အတွင်းတွင် ဘာသာရပ်အလိုက် လွန်ဆွဲပြိုင်ပွဲများကျင်းပပြုလုပ်ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ဝိဇ္ဇာ+သိပ္ပံ ကျား/မ(၁၅)သင်းစီတို့မှ လွန်ဆွဲပြိုင်ပွဲ လက်ဆက်ကျင်းပရာ  ​ရွှေတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး​ဒေါက်တာ တင်တင်ရီနှင့် ပါမောက္ခဌာနမှူးများနှင့် ပါမောက္ခများ၊ သရုပ်ပြ၊ နည်းပြ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ ပြီး  ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ​ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးနှင့် တာဝန်ရှိသူများက ဆုများ​ချီးမြှင့်ပေးခဲ့ သည်။


ရွှေဘိုတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုပွဲများကို စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး စက်တင် ဘာလ ၈ ရက်နေ့အထိ  ပြိုင်ပွဲများ၊​ ဟော​ပြောပွဲ များကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြင့်ပေးမည်ဖြစ် ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)